ကျွန်ုပ်တို့အကြောင်း

UTE မှ ကြိုဆိုပါတယ်

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

Ultimate Techno Engineering Co., Ltd သည် ၂၀၂၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံကဏ္ဍအသီးသီးတွင် အဓိကမောင်းနှင်အားဖြစ်သော စက်မှုဇုန်သုံး လေဖိစက် (Industrial Air Compressor) စနစ်များကို စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်း၊ တပ်ဆင်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို အဆင့်မြင့်မားစွာ ပေးအပ်နေသော ကုမ္ပဏီဖြစ်ပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီသည် စက်ရုံများ၏ ကုန်ထုတ်လုပ်မှုလိုင်းများ အချိန်မပြတ် လည်ပတ်နိုင်စေရန်နှင့် လေဖိစက်ချို့ယွင်းမှုကြောင့် လုပ်ငန်းကြန့်ကြာခြင်း (Downtime) မဖြစ်ပေါ်စေရန်အတွက် အထူးအလေးထား ဆောင်ရွက်ပေးပါသည်။ လုပ်ငန်းခွင်အတွေ့အကြုံ ရင့်ကျက်ပြီးသား၊ တာဝန်ယူမှုရှိသော ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့မှ လူကြီးမင်းတို့၏ လေဖိစက်စနစ်များကို စစ်ဆေးပြုပြင်ပေးပါသည်။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများအားလုံးအတွက် စွမ်းဆောင်ရည်အကောင်းဆုံးနှင့် စိတ်အချရဆုံးသော Compressed Air Solution ပံ့ပိုးပေးသူဖြစ်လာရန်။

ကျွန်ုပ်တို့၏ လုပ်ဆောင်မည့်တာဝန်

အရည်အသွေးမြင့်မားပြီး တိကျသေချာသော Multi-brand ဝန်ဆောင်မှုများကို သင့်တင့်သောနှုန်းထားဖြင့် ပေးအပ်ရန်။ စက်ရုံများ၏ စွမ်းအင်လေလွင့်မှုကို လျှော့ချပေးနိုင်မည့် စနစ်ကျသော လေလိုင်းဒီဇိုင်းနှင့် တပ်ဆင်မှုများကို ဖန်တီးပေးရန်။

Social Media Platforms

မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများအားလုံးအတွက် စွမ်းဆောင်ရည်အကောင်းဆုံးနှင့် စိတ်အချရဆုံးသော Compressed Air Solution ပံ့ပိုးပေးသူဖြစ်လာရန်။

ဆက်သွယ်ရန်

Hotline Phone
09 892993399

Contact Phone Numbers
09789946239,09789469326

Email
uteaircompressorservices@gmail.com